
Home
အဖွဲ့အစည်း၏ နောက်ခံသမိုင်းကြောင်း (Background History of Organization)
ရွှေကမ္ဘောဇ ကိုယ်ထူကိုယ်ထူလူထုအခြေပြုအဖွဲ့အစည်းကို ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလတွင် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၌ အဖွဲ့ဝင် ငါးဦးဖြင့် စတင်တည်ထောင်ခဲ့သည်။ ယခုအခါတွင် အဖွဲ့ဝင် (၃၄) ဦးအထိရှိနေခဲ့ပြီဖြစ်သည်။ အဖွဲ့ဝင်များမှာ ပင်လောင်းမြို့ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားများဖြစ်သော ပအို့ဝ်၊ ရှမ်းနှင့် ဗမာလူမျိုးများဖြစ်ကြသည်။ ဒေသခံများဖြစ် သောကြောင့် ၎င်းဒေသရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွား ပြဿနာများ၊ တိုင်းရင်းသား အရေးကိစ္စ များနှင့် လိုအပ်ချက်များကို ပိုမိုသိနားလည်ကြသည်။
The Shwe Kanbawza Self-Help Organization (SKBZ) was established in December 2010 in Pinlaung Township with five members. Since then, it has grown to 34 members. The organization consists of members from native ethnic groups of the area, including Pa’o, Shan, and Burma, who were all born and raised in the villages of Pinlaung Township. As natives, they have a deep understanding of the complex socio-economic and ethnic issues and are well-acquainted with the needs of the communities.
စတင်တည်ထောင်ခဲ့ကြသူများသည် UNDP ၏ Human Development Initiatives and Process Led Integrated Community Development စီမံကိန်းများတွင် ၁၉၉၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ အလုပ်လုပ်ခဲ့ကြသူများဖြစ်ကြသည်။ ၎င်းတို့သည် အားလုံးပါဝင်သည့် ဒီမိုကရေစီ စီမံအုပ်ချုပ်မှု အခြေခံသဘောတရားများဖွံ့ဖြိုးတိုးတက်လာစေရေးကို ကတိကဝတ်ထားကြပြီး အဖွဲ့လိုက်လှုပ်ရှားမှု များကို တန်ဖိုးထားကြသူများဖြစ်ကြသည်။ ၎င်းတို့၏ ကတိကဝတ်များကို ကိုယ်ထူကိုယ်ထအဖွဲ့ များဖွဲ့၍ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် သက်သေပြခဲ့ကြသည်။
All founding members had previously worked in UNDP Human Development Initiatives and Process Led Integrated Community Development programs from 1997 to 2010. They are strongly committed to participatory democratic governance principles and value group work and initiatives. This commitment is demonstrated through the successful development activities undertaken by self-help affinity groups.
ရွှေကမ္ဘောဇအဖွဲ့သည် လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းဒေသရှိ၊ ပင်လောင်း၊ ဆီဆိုင်နှင့် ညောင်ရွှေမြို့နယ်များတွင် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။ အမျိုးသမီးစွမ်းဆောင်ရည်မြင့်မားရေး၊ လူထုအခြေပြုနှင့် ဒေသနှင့် လိုက်လျောညီထွေ ဖြစ်ခြင်း နည်းလမ်းများကို အသုံးပြုပြီး ပညာရေး၊ ကျန်းမာရေး၊ ရေနှင့် ဝန်းကျင်သန့်ရှင်းရေး၊ အသက်မွေးဝမ်းကြောင်း နှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး ကဏ္ဍများတွင် စီမံကိန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုအခါ ဒေသတွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာလာသူများနှင့် ဒေသခံများ၏ ခံနိုင်ရည်တိုးတက်ရေး အတွက် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။
SKBZ is currently involved in various projects in Northern Shan State, specifically in Pinlaung areas, including Pinlaung, Hsihseng, and Nyaung Shwe townships. The projects focus on education, health, WASH (Water, Sanitation, and Hygiene), livelihood, and child protection through women’s empowerment, community-centered, and localization approaches. Presently, SKBZ is working to enhance the resiliency of both internally displaced people and host communities.
ကျွန်ုပ်တို့၏ အနာဂတ်ပုံရိပ် (Our Vision)
“ အမျိုးသမီးများအား စွမ်းဆောင်ရည်မြင့်တင်ခြင်းဖြင့် ပျော်ရွှင်ကျန်းမာပြီး ခံနိုင်ရည်ရှိသော လူမှု အသိုက်အဝန်းကို တည်ဆောက်ရန်”
“Building a happy, healthy, and resilient society through women empowerment.”
ကျွန်ုပ်တို့၏ ရပ်တည်ချက်/မစ်ရှင် (Our Mission)
“ရွှေကမ္ဘာဇသည် ပညာရေး၊ ကျန်းမာရေး၊ ရေနှင့် ဝန်းကျင်သန့်ရှင်းရေး၊ အသက်မွေးဝမ်းကျောင်းမှု ဖွံ့ဖြိုးရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် အရေးပေါ်အခြေအနေများတွင် လူသားချင်း စာနာမှုအကူအညီများပေးရေး စသည့် ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူလူထု၏ ဖွံ့ဖြိုးမှုအပြောင်းအလဲကို ဆောင်ကြဉ်း ပေးလျက်ရှိသည်။ ကျွန်ုပ်တို့သည် အမျိုးသမီး များ၏ စွမ်းဆောင်ရည်တိုးတက်လာပြီး ထိရောက်စွာ ဦးဆောင်လာနိုင်စေခြင်းဖြင့် ရေရှည်တည်တံ့ ပြီး အလုံးစုံပါဝင်သော လူမှုအသိုက်အဝန်းတစ်ခုကို ဖန်တီးရန် ကတိကဝတ် ပြုပါသည်။”
“Shwe Kanbawza is dedicated to transforming the community in Southern Shan State by providing essential services in education, health, WASH (Water, Sanitation, and Hygiene), livelihood development, child protection, and humanitarian assistance during emergencies. We are committed to building a sustainable and inclusive community where women are empowered and equipped to lead effectively.”
ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများ (Our Values)
မတူကွဲပြားမှုနှင့် အားလုံးပါဝင်မှု – ကျွန်ုပ်တို့သည် မတူကွဲပြားခြားနားသော နောက်ခံ အခြေအနေများ၊ အတွေးအခေါ်များ နှင့် အတွေ့အကြုံများကို လေးစားတန်ဖိုးထားပြီး အားလုံး ၏ အသံများကို နားလည်သော၊ တန်ဖိုးထားသော လူမှုပတ် ဝန်း ကျင် ဖြစ်လာစေရန် တွန်းအား ပေးပါသည်။
Diversity and Inclusion: We celebrate and respect the diversity of backgrounds, perspectives, and experiences within our community, fostering an inclusive environment where all voices are heard and valued.
လူ့ဂုဏ်သိက္ခာ – ကျွန်ုပ်တို့၏ လုပ်ဆောင်မှုအားလုံးတွင် မည်သူ့ကိုမဆို စိတ်စေတနာပါစွာ၊ လေးစားစွာနှင့် မျှတစွာ ဆက်ဆံပေးခြင်းဖြင့် ၎င်းတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ အခွင့် အရေးနှင့် ရပိုင်ခွင့်များကို အမြဲတမ်း အလေးထားပါသည်။
Human Dignity: We uphold the inherent worth and rights of every individual, treating everyone with compassion, respect, and fairness in all our endeavors.
ပညာရှင် ပီသမှု – ကျွန်ုပ်တို့သည် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဂုဏ်သိက္ခာရှိမှု၊ တာဝန်ခံ မှုနှင့် အကောင်းဆုံးသောရလဒ်များကို ရရှိနိုင်မှုများကို သက်သေပြခြင်းဖြင့် ကျွန်ုပ်တို့၏ ပညာရှင် ပီသမှုစံနှုန်းကို စောင့်ထိန်းပါသည်။
Professionalism: We maintain the highest standards of professionalism in our work, demonstrating integrity, accountability, and excellence in all interactions and operations.
The Main Sectors of SKBZ’s Services
- Health and Nutrition
- WASH
- Education
- Livelihood and Food Security
- Child Protection
Contact us
Phone: +95 9 250 782255 ,09788383852
Email: khinmaungshwe@skbz.org
Address: Myo Part Road, Kan Thar Oo quarter, Pinlaung Township, Southern Shan State, Myanmar, 06052
https://www.facebook.com/shwekanbawza/